2024မကုန်ခင် ရရှိလာမဲ့ကံကောင်းမှုများ နှင့် ဆောင်ရန်ရှောင်ရန်များ🧚





Pile 1

2024 ဆိုတဲ့ နှစ်တခုကိုစတင်ခဲ့တာ ခုဆို ဒီနှစ်လေးကပြီးဆုံးတော့မယ်နော်
ကျန်ရှိနေတဲ့ လတွေအတွင်းမှာ မင်းရရှိမဲ့ကံကောင်းခြင်းတွေနဲ့ပျော်ရွှင်မှူတွေ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပေးသွားမယ်
ပထမဆုံးအနေနဲ့
ကျန်ရှိနေတဲ့လတွေအတွင်းရဲ့ ရက် 6,16,26 ရက်နေ့တွေမှာ မင်းဟာ ရာထူးတိုးတာ ချီးကျူးခံရတာ အောင်မြင်မှုရတာ ပြောရရင် အားလုံးရဲ့ပါးစပ်ဖျားမှာ မင်းရဲ့ ကောင်းကြောင်းတွေ သတင်းတွေနဲ့ပျံ့လွင့်နေမဲ့အချိန်တွေ ဖြစ်တယ်
ပညာရေးနဲ့ပက်သက်ပြီးကြိူးစားနေတဲ့သူတွေအတွက် ဆရာကောင်းသမားကောင်းနဲ့တွေ့ခွင့်ရပြီး လမ်းမှန်ကို မြင်နိုင်တယ်
စာသင်ပေးတဲ့ဆရာက်ိုပြောတာတင်မဟုတ်ဘဲ ကိုယ့်ဘဝကို ပြောင်းလဲပေးန်ိုင်မဲ့ ဆရာတဆူလိုလူ ကိုယ့်အတွက်ပေါ်လာတာလဲ ဖြစ်နိုင်တယ်
သေချာတာ ဒီကျန်တဲ့လတွေအတွင်းမှာပညာသင်တာလေ့လာတာတွေအရှိန်အဟုန်တိုးမြင့်ကြိုးစားရင်ရလဒ်ကောင်းတွေရမယ်
ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကိုယ်ပြန်မြင်လာမယ်
တခုပဲ စိုးရိမ်စိတ်ပူစရာအရာတွေရှိရင်နဲနဲ စိတ်ကိုလျှော့ချလိုက်ပါ
သိတဲ့အတိုင်းလူတိုင်းမှာ အပူဆိုတာရှိပါတယ်
ဒီနှစ်ကုန်သွားတာနဲ့နောက်နှစ်အသစ်ရောက်လာမှာမို့ ငါတော့ဒီနှစ်ထဲကျောင်းမတက်ရလို့အိမ်မဆောက်ရလို့ ကားမဝယ်ရလို့ စသဖြင့်စသဖြင့် မပြည့်မြောက်တဲ့အရာတွေရှိနေရင် ခုကျန်တဲ့လတွေအတွင်းမှာဒါတွေကို လုပ်ဖို့မလောပါနဲ့
ဒီနှစ်မဖြစ်ရင်နောက်နှစ် ဖြစ်အောင်လုပ်မယ်
အဓိကက ကိုယ်ကသွားနေဖို့ပဲလိုတာပါနော်
မမျှော်လင့်ဘဲ ရုတ်တရက် အိပ်မက်အထူးအဆန်းလေးတွေ မက်တတ်တယ်
အခြားကမ္ဘာရောက်သွားတာတို့
ရှေးခေတ်အချိန်ရောက်သွားတာတို့ ကိုယ်မသိတဲ့ လူတွေနဲ့ပြောဆို ဆက်ဆံရတာတို့ အိပ်မက်လေးတွေမက်ရင် ပိုကံကောင်းပါတယ်
ဒါဆိုမင်းဟာ မလုပ်ဖူးတဲ့အလုပ်အသစ်အဆန်းတွေ ပေါင်းသင်းဆက်ဆံရမဲ့ ကိုယ့်က်ုအကျိုးပြုမဲ့ လူတွေနဲ့တွေ့ရတတ်ပါတယ်
ရှောင်ရန်အနေနဲ့ ကျန်းမာရေး ဂရုစိုက်ပါ
ခေါင်းထဲတော့ အများကြီးထည့်ပြီးမတွေးပါနဲ့
အစားအစာကို ချင့်ချိန်စားသုံးပါ
အစားကြောင့်ဘေးဖြစ်ရတတ်တယ်
2024လေးမကုန်ခင်မှာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြတ်သန်းနိုင်ပါစေ



Pile 2

2024 မကြာခင်နှုတ်ဆက်ရတော့မယ်တဲ့လား
မကြာခဲ့သလိုပဲနော်
ဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ နာကျင်ခဲ့ရတာကို မသိချင်ယောင်ဆောင်ခဲ့ရတဲ့အချိန်တွေရှိသလို မြန်မြန်ကုန်ဆုံးစေချင်ခဲ့တဲ့အချ်န်တွေလဲရှိတယ်
ဆုံးရှုံးခဲ့ရတာတွေကို ဘာမှပြန်လုပ်လို့မရလေတော့ ခုကစပြီး နှစ်မကုန်ခင်အထိ ရရှိလာမဲ့ ကံအကောင်းအဆိူး ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးမယ်နော်
ပထမဆုံး စိတ်ပါ ခုကျန်တဲ့လတွေအတွင်းစိတ်ထားတတ်ဖို့ လိုအပ်နေတယ်
ပြီးခဲ့တဲ့အတိတ်တွေနဲ့ပက်သက်ပြီး လွှတ်မချနိုင်သေးတာ မပျော်နိုင်သေးတာ
နောင်တရနေသေးတဲ့ ခံစားချက်တွေတွေ့ရတယ်
ဒါမဲ့ဆက်သွားရမှာပဲလို့ သ်ိနေတော့ ကိုယ်ကဆက်တော့သွားနေခဲ့တယ်
ဒီတော့ မင်းအနေနဲ့ အတတ်နိုင်ဆုံး အဟောင်းတွေကို မတွေးပဲ အသစ်တွေအတွက် အားတင်းထားပါ
မကြာခင် ၃လအတွင်းမင်းကို အထောက်အပံ့ပြုမဲ့သူ
မင်းအတွက်အကူအညီရမဲ့သူပေါ်လာတတ်ပါတယ်
က်ိုယ့်စိတ်ထဲ အလိုလိုသိစိတ်ကလွှမ်းမိုးနေတော့ တခုခုဆို စိတ်ထဲ ကြိုသိသလို ခံစားဖူးခဲ့သလို ဖြစ်နေတတ်တယ်
ချစ်ရတဲ့သူတွေဆီက လက်ဆောင်ဘာညာ ၁၀လပိုင်းနဲ့၁၁လပိုင်းအတွင်းရရတတ်ပါတယ်
ဒါ့အပြင် အချစ်ရေးမှာ စန်းပွင့်နေပြီး ကိုယ်တိုင်ကအချစ်ရေးအကြံပေးတာ လမ်းညွှန်ပေးတဲ့ ဆရာကြီးဆရာမကြီးတွေဖြစ်နေတတ်ပါတယ်
ဒီနှစ်ထဲကျနိရှိနေတဲ့လတွေထဲ careerအသစ်က်ု တွေ့ရှိတတ်တယ်
အသစ်တွေလုပ်မယ်ဆိုလဲ အောင်မြင်မှုက ကပ်ပါလာတတ်ပါတယ်ဆိုတာကိုမေမ့ပါနဲ့



Pile 3

နှစ်သစ်မရောက်ခင် ကျန်ရှိနေတဲ့ လတွေအတွင်းမှာ မင်းက ကံလဲအရမ်းကောင်းသလို တဖက်မှာ မနာလိုခံရတာ ရန်ဖြစ်ရတာ အတငိးပြောခံရတတ်တဲ့ caseလေးတွေလဲ ရှိတတ်ပါတယ်
ကိုယ်ပိုင်စီးပွါးရေးလုပ်သူ freelance လုပ်တဲ့သူများရုတ်တရက် ဝုန်းကနဲတိုးတတ်လာတတ်ပါတယ်
ဒီတော့ နဲနဲတော့အပြစ်ကင်းအောင်နေတတ်မှရပါမယ်
ငွေကလဲ တော်တော်ဝင်နေတတ်ပြီး ကိုယ်လုပ်ချင်တဲ့စီးပွါးရေးကိုလုပ်ခွင့်ရတတ်ပါတယ်
မိုက်ရူးရဲဆနိတာတော့ရှောင်ကြဉ်ပေးပါ
ကိုယ်မတတ်ကျွမ်းတဲ့ဟာတွေကို လက်တွေ့မစမ်းပါနဲ့
အလုပ်သစ်ရတာပြောင်းရတာ ရွှေ့ရတာတွေဖြစ်တတ်ပါတယ်
ကိုယ့်စိတ်ကို့ကို မထိနိးနိုငိဖြစ်နေတတ်ပါတယ်
တပါးသူကိုကူညီပေးချငိစိတ်ကြောင့်ဒုက္ခရောက်တတ်တာမို့ သတိထားပးကူညီပေးသင့်ပါတယ်
အချစ်ရေးမှာ RsရှိသူများHealthy ဖြစ်နေတဲ့ချစ်ခြင်းမျ်ုး ခံစားရတတ်ပါတယ်
Single လေးများကတော့ရည်းစားမထားနိုင်ဘဲ ဘဝအတွက်အရေးကြီးတဲ့အရာတွေကိုဦးစားပေးနေရတတ်ပါတယ်
ကိုယ့်အတွက်ကောင်းတာကတော့အချစ်ရေးနဲ့ငွေကြေးပါပဲ
ရုတ်တရက်ငွေကောက်ရတာ ပိုက်ဆံအိတ်လက်ဆောင်ရတာမျိူး ရှိတတ်ပါတယ်


Comments