ပြည်တွင်းထူးခြားရပ်ကွက်ဈေးသတင်းများ


ပြည်တွင်းထူးခြားရပ်ကွက်ဈေးသတင်းများ
ရပ်ကွက်ဈေးတွေမှာ ကြက်သွန်နီဈေးတွေ ဈေးတက်နေပြီး ကြက်သွန်ဖြူဈေးတွေက ပုံမှန်အ တိုင်းပဲ ရှိပါတယ်။ မြစ်သားကြက်သွန်နီအလုံးအရွယ်အစားအလိုက် တစ်ပိဿာ ၄၃၀၀ -၄၅၀၀ ကျပ်ဈေးတွေအထိ ဈေးမြင့်တက် လာပါတယ်။ မုံရွာကြက်သွန်နီအလုံးကြီးတစ်ပိဿာ ၃၇၀၀ ကျပ်ဈေးဖြစ်လာပါတယ်။
ကြက်သွန်နီအမျိုးအစားနဲ့ အရွယ်အစားတွေအလိုက် တစ်ပိဿာ ၂၈၀၀ ကျပ်ဈေးကနေ တစ်ပိဿာ ၄၅၀၀ ကျပ်ဈေးတွေအထိ ဈေးအမျိုးမျိုး ရှိပါတယ်။
ကြက်သွန်ဖြူတွေထဲမှာ ကြူကုတ်ကြက်သွန်ဖြူတစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဗမာ-ထူး ကြက်သွန်ဖြူတစ်ပိဿာ ၁၇၀၀၀-၁၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူဥတစ်လုံးတစ်ပိဿာ ၁၈၀၀၀ ကျပ်ဈေးတွေနဲ့ ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေပါတယ်။
စားသုံးသူများတဲ့ ပဲတွေလည်း အနည်းငယ်ဈေးတက်ပါတယ်။ ကုလားပဲခြမ်းတစ်ဆယ်သား ၁၀၀၀ ကျပ်၊ တစ်ဘူး ၁၅၀၀ ကျပ်၊ ပဲနီလေးတစ်ဆယ်သား ၁၈၀၀ ကျပ်၊ ပဲဝါလေးတစ်ဆယ်သား ၉၀၀ ကျပ်၊ ပဲကြီးတစ်ဆယ်သား ၁၃၀၀ ကျပ်၊ တစ်ဘူး ၁၆၀၀ ကျပ်၊ ပဲရေပွတစ်ဘူး ၁၅၀၀ ကျပ်ဈေးတွေ ရှိပါတယ်။
ကုန်ခြောက်တွေထဲမှာ ငရုတ်သီးခြောက်အရှည် တစ်ဆယ်သား ၁၆၀၀ ကျပ်၊ ငရုတ်သီးအပုတစ်ဆယ်သား ၁၆၀၀ ကျပ်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ငရုတ်သီးခွဲခြမ်းတွေက တစ်ဆယ်သား ၂၅၀၀ ကျပ်ဈေးမှာ ရှိပါတယ်။ ငရုတ်သီးအလှော်မှုန့်တစ်ဆယ်သား ၂၆၀၀-၂၈၀၀ ကျပ်ဈေးတွေမှာ ရှိပါတယ်။
သကြားတစ်ဆယ်သား ၇၀၀ ကျပ်၊ ထန်းလျက်တစ်ဆယ်သား ၇၀၀ ကျပ်၊ မန်ကျည်းသီးတစ်ဆယ်သား ၁၂၀၀ ကျပ် ၊ ဂျင်းတစ်ဆယ်သား ၆၅၀-၇၀၀ ကျပ်၊ ဈေးတွေနဲ့ ပုံမှန်အတိုင်းရှိပါတယ်။ crd##

Comments