စိတ်သန့်သန့်နဲ့အိမ်မှာတမုန်းစားလို့ရတဲ့ ချဉ်ဖတ်စိမ်နည်းလေး၂မျိုး


စိတ်သန့်သန့်နဲ့အိမ်မှာတမုန်းစားလို့ရတဲ့ ချဉ်ဖတ်စိမ်နည်းလေး၂မျိုး ဖြေပေးမယ်နော်။
ပထမဆုံးပုံကနည်းလေးကတော့ ကိုယ်သိပ်ချင်တဲ့ချဉ်ဖတ် ဥပမာ မုန်လာဥဖြူ ကန်စွန်းရိုးနီ ပဲပင်ပေါက် ကြောင်လျှာသီးတို့ကို ဉီးစွာပထမသေချာအရွယ်တော်လေးတွေသင်ပြီး ဆားရှာလကာရည်အနည်းငယ်ထည့်ကာသမအောင်နယ်ပြီး နာရီဝက်ခန့်ကြာတာနဲ့ ပြန်ဆေးချပါမယ် နောက်တဆင့်အနေနဲ့ ဆေးပြီးသားလေးတွေကိုထုံးရည်ကြည်အနည်းငယ်ထည့်ကာမိနစ်၂၀လောက်စိမ်ပေးရပါမယ် အဲ့လိုစိမ်ပေးခြင်းဖြင့်ကြွတ်ဆတ်ပြီး အရသာလေးကပိုရှိစေပါတယ်။ မိနစ်ပြည့်က သွန်ပြီး ဆန်ဆေးရည်ဒုတိယရည် ဆားသေးသေးထည့်ကာအခန်းအပူချိန်မှာ တရက်သိပ်ပေးပါ အသီးကြွတ်ဆတ်လေးတွေ အချဉ်အရသာအနေတော်ရပြီမို့နောက်ရက် ရေခဲသေတ္တာ တွင်းထည့်ကာ လိုသလိုခရင်းလေးဖြင့်ခပ်စားလို့ရပါပြီရှင့်
ဒုတိယပုံလေးကတော့ယိုးဒယားဘက်မှာစိမ်တဲ့နည်းလေးပါ မုန်လာဥအနီအဖြူကစ ကြိုက်နှစ်သက်ရာလေးတွေကို အရွယ်တော်လေးတွေသင်ပြီး ဆားလေးနယ်ကာဆေးပေးရပါမယ် ပြီးကျ ပထမနည်းလို ထုံးရည်ကြည်လေးမိနစ်၂၀စိမ် ပြန်သွန်ပြီး ပုလင်းထဲထည့်ပါပြီ ပြီးကျ သကြားရည်လေးကျိုကာ သကြားရည်တစ်ဆ ရှာလကာရည်တစ်ဆ ရေတစ်ဆ အချိုးတူစပ်ကာ ရေခဲသေတ္တာထဲထည့်သိမ်းလို့ရပါတယ် အဲ့ထဲအဓိက အလိုက်ဆုံးဇာတ်ကောင်က ငရုပ်သီးစိမ်း ကာလီသီးလေးတွေရယ် လယ်သရက်ကင်းရယ် ကြောင်လျှာသီးရယ်ပါ ဘလိုစားကောင်းမှန်းမသိ ကြွတ်ဆတ်ပြီး ငပိရည်လေးနယ်စားမလား ငါးငပိချက်လေးနဲ့စားမလားထမင်းကြော်လေးနဲ့စားမလား လုံးဝထိမိဂွိစေသောဘဲ 
Credit Aye Mon Htwe

Comments