မင်းကို သဘောကျ စိတ်ဝင်စားနေတဲ့သူဆီက ဝန်ခံချက်🦄(Single Only)





Pile 1

Pile 1လေးတွေရဲ့အနားမှာ ကိုယ့်ကို သဘောကျ စိတ်ဝင်စားနေတယ်လို့ခံစားရစေတဲ့ သူတယောက်ရှိပါတယ်
သူ့ကိုယ်သူ စိတ်ထဲမှာ မင်းနဲ့ပက်သက်ပြီးမတင်မကျခံစားနေရတယ်လို့လဲပြောလို့ရပါတယ်
သူကမင်းနဲ့ပက်သက်ပြီး မင်းရဲ့ passion,မင်းသဘောကျရတဲ့အရာ မင်းရဲ့ သူများတွေအပေါ်ထားတဲ့စိတ်နဲ့ ရည်မှန်းချက်ကြီးပုံတွေကို ခန့်မှန်းမိတယ်လို့ပြောလို့ရတဲ့သူထဲမှာပါတယ်
သူ့စိတ်ကလေ ဂယောက်ဂယက်သိလား
သူက မင်းနဲ့ပက်သက်ပြီးစိတ်ခံစားချက်တွေရှိနေပေမဲ့ မဖြစ်လာသေးတဲ့အရာတွေကို တွေးပူပြီးကြောက်ရွံနေတာမျိူးတွေရှိနေတယ်
ဥပမာ မင်းနဲ့ဝေးဖို့အတွက်အကြောင်းဖန်လာတာမျိူး မင်းနဲ့ လျှောက်မဲ့လမ်းချင်းမတူတာမျိူး ရှင်သန်နေထိုင်ရာ နယ်ပယ်ချင်းမတူသလိုမျိုး အဲ့လိုပေါ့
အဲ့တော့ရှေ့တိုးရခက်နေတယ်လို့ပြောလို့ရတယ်
ဒါ့အပြင် တခုတော့သတိပေးလိုက်မယ်
ခုပြောနေတဲ့အချိန်မှာ မင်းသိတဲ့သူနဲ့တူနေတယ်ဆို အဲ့သူကလဲ Fire Signs ဆို မင်းအနေနဲ့ လက်ရှောင်ပါ
သူကမင်းက်ို အသုံးချဖို့များနေလို့ပါ
အခြား signs တွေထဲကဆို မဆိုးဖူးတော့ပြောလို့ရပါတယ်
သူချစ်တဲ့ပုံစံကတော့ ကိုယ့်ကိုကိုယ်တောင်အနာခံပြီး ချစ်တဲ့ပုံစံမျိူးမို့
သူသာသတ္တိရှိမယ်ဆို မင်းတို့လေးတွေက ပျော်စရာကောင်းမှာသေချာပါတယ်
သူနဲ့မင်းက ဒီကြားထဲမှာ တယောက်နဲ့တယောက် စကားပြောနေရသည်ဖြစ်စေ မပြောရသည်ဖြစ်စေ
ပြသာနာသေးသေးလေးတွေနဲ့အထင်လွဲတတ်တယ်
တဖက်က Fire Signsလဲမဟုတ်ဘူး ခုပြောနေတာတွေနဲ့လဲတူနေတယ်ဆို သူပြောတာကိုမစောင့်ဘဲ ကိုယ့်ဘက်ကပဲ အရင်ကျုးကြည့်ပါ


Pile 2

Pile 2လေးတွေ ခု ဒီpile ကိုစဖတ်မယ်ဆို ပြုံးပြုံးကြီးသာဖတ်ပေတော့
ပထမဆုံးအနေနဲ့ မင်းကိုသဘောကျစိတ်ဝင်စားနေတဲ့သူရှိလားဆို ရှိပါတယ်
သူကမင်းထက်အသက်ကြီးပါတယ်
မင်းထက်ပိုပြီး ပညာအရည်အချင်းငွေကြေး ရင့်ကျက်မှု တခုမဟုတ်တခုမှာ မင်းထက်ပိူသာလွန်နေတတ်ပါတယ်
သူက မင်းကိုသဘောကျလို့ စောင့်ကြည့်နေတာကြာနေပီလို့တွေ့ရပါတယ်
ဒီကြားထဲ seriously မဟုတ်ဘဲ သူ့ဘက်က အရ်််ိပ်ပြ တာလေးတွေ အရောင်ပြတာလေးတွေရှိပေမဲ့ သူသိထားတာက မင်းမသိလောက်ဘူးဆိုတာပါပဲ
မင်းနဲ့ပက်သက်ရင်စိတ်အားထက်သန်မှုတွေများနေတာမို့ အချိန်ကြာရင်တောင် စောင့်နေလို့အဆင်ပြေပါတယ်တဲ့
သူ့ကလေ မင်းဆီကို 24/7 စိတ်ရောက်နေတာတော့ မဟုတ်ဘူး
အပေါ်မှာပြောခဲ့တာမှတ်မိလား ရင့်ကျက်တယ်ဆိုတာလေ သူ့က ဘယ်အရာက အမှန် ဘယ်အရာကအမှားဆိုတာ ခွဲခြားပြီသိတတ်တယ်
ဒီတော့ သူ့အတွက်အရေးပါတဲ့အရာတွေကိုလဲ သူဖန်တီးတယ်
ဒီကြားထဲ မင်းပျော်နေတာတွေ သို့မဟုတ် မင်းရဲ့အချစ်ရေး energyနဲ့ပက်သက်ပြီးစိတ်ဝင်စားနေတယ်
သူကလေ ခုချက်ချင်းကြီးဖွင့်ပြောမယ် ချစ်တယ်ဘာညာပြောမဲ့သူမဟုတ်ဘူးနော်
ဝန်ခံဖို့ကိုအကောင်းဆူံးအချိန်ကိုစောင့်နေတတ်တဲ့သူမို့ မင်းလေးလဲ energyကောင်းနေတဲ့အချိန် သူလဲအဆင့်သင့်ဖြစ်တဲ့အချိန်မင်းရှေ့မှောက်ရောက်လာမှာပါ
အကောင်းဆုံးတွေပဲ ယူလာပေးတတ်တဲ့သူမို့
ခုလိုလူမျိူးသာမင်းအနားရောက်လာရင် ပြောရရင် ရွေတွင်းကြီးတွေ့ရသလိုပဲ ဘဝမှာလိုလေးသေးမရှိ အလိုလိုက်ပြီး ချစ်ပေးတာခံရမယ်
သူကနဲနဲတော့တည်ငြိမ်တာမို့ ကိုယ်က အေးတယ် မတုန်မလှုပ်ဘူးတမျိူးပဲထင်တတ်ပေမဲ့ချစ်တတ်တဲ့သူတယောက်မို့
အချစ်ခံရမှာပါနော်
ကဲ နှလုံးသားထဲက အချစ်ဝန်ခံချက်လေးတွေကိုဖောက်ထုတ်ဖို့ အဆင့်သင့်မဖြစ်သေးတဲ့သူလေးတွေကို မင်းကသိ
နေရင်ငြိမ်ငြိမ်လေးနေပြီးအချိန်ကောင်းကိုစောင့်နေပေးနော်




Pile 3

Pile 3လေးတွေအတွက် မင်းကိုသဘောကျစိတ်ဝင်စားနေတဲ့သူရဲ့ ဝန်ခံချက်တစောင်ကိုဖတ်ပြပေးမယ်
ဒီဝန်ခံချက်ကိုမပြောပြခင် မင်းရဲ့ အချစ်ရေးအပေါ်ခံယူချက်ကိုတော့တကယ် သိချင်တယ်
မင်းစိတ်ကို မြင်နေရတယ် လိုတမျိူးမလိုတမျိူးတဲ့
တခါတလေ ရည်းစားလေးလိုချင် အနားမှာတယောက်ယောက်ကိုရှိနေစေချင်တဲ့moodမျိူး တခါတလေ ကျ ငါသည်သာ အခရာဆိုတဲ့ပုံစံမျိူး ကဲအဲ့တော့အနားမှာရှိတဲ့ မင်းက်ုစိတ်ဝင်စားနေတဲ့သူတွေကလဲ အပြောင်းအလဲဖြစ်တာပေါ့
မင်းကိုစိတ်ဝင်စားတယ်ဒါမဲ့ရှေ့ဆက်မတိုးရဲတာ တခါတခါ မင်းရဲ့ energyက တမျိူးပြောင်းတော့ သူတို့အနေနဲ့ လက်ရှောင်လိုက်ရတဲ့ ကိစ္စတွေခဏခဏ ဖြစ်နေတတ်တယ်လို့တော့တွေ့ရတယ်
တခါတလေကျတော့လဲ မင်းဆီကိုစိတ်မငြိမ်တဲ့သူတွေလာတတ်တော့ သူတို့ကိုယ်တိုင်ကလဲ စိတ်မတည်ငြိမ်ဘဲထွက်သွားတာလို့ပြောလို့ရတယ်
အဲ့တော့ခုလက်ရှိ အနားမှာမင်းကိုသဘောကျနေတဲ့သူစိတ်ဝင်စားနေတဲ့သူဆို ရှိလားဆို ရှိတယ်
သူက တယောက်တည်းမဟုတ်ဘူး
ထူးထူးခြားခြားမင်းအပေါ်မှာ သဘောကျနေတဲ့သူကနှယောက်ရှိတယိ
တယောက်ကမင်းထက်အသက်ကြီးမယ်
မင်းနဲ့မိသားစုအချင်းချင်းသိတာ သို့မဟုတ် မင်းနဲ့လုပ်ငန်းခွင်ချင်းတူတာ ကျင်လည်ရာနယ်ပယ်ချင်းတူတာ ကျောင်းတူ သင်တန်းတူ လိုမျိုးပေါ့
သူကမင်းကိုဟိုလိုကြိုက်တာချစ်တာမဟုတ်ဘူးနော်
မင်းပုံစံဖြစ်တည်မှုလေးကို သဘောကျတာတာကွာ ပြောရရင်မင်းရဲ့ vibes အကြည်ဓာတ်လေးကို သဘောကျနေတာမျိူး အဲ့တော့သူက မင်းကိုအကောင်းမြင်စိတ်ရှ်ိမယ် ဖြည့်တွေးပေးမယ်
စေတနာထားမယ်
နောက်တယောက်ကကျ မင်းကိုသဘောကျနေတဲ့သူ 1500မေတ္တာအားဖြင့်ချစ်တဲ့သူပေါ့
သူက တော့ မင်းကို မမျှော်လင့်ဘဲ မြင်ရင်းတွေ့ရင်းနဲ့သဘောကျသွားတာမျိူး
ခုထက်ထိတော့ သူလဲသူ့က်ိုယ်သူသေချာမသိဖြစ်နေတယ်တဲ့ သူကလေ အရင်က love lifeမှာtraumaတွေရှိခဲ့လေတော့ သူ့ရွေးချယ်မှုမှားမှာကြောက်နေမိတာမျိူးကိုတွေ့ရတယ် ဒီတော့ ရှေ့ဆက်တိူးဖို့မတ်ူးဖို့မသေချာသေးဘူး
ဒါမဲ့မင်းက်ိုပြောလိုက်မယ်
သူကတိကျတဲ့သူမို့လို့
သူရှေ့ဆက်တိူးပြီဆိုလဲ မင်းဆီတန်းတန်းမတ်မတ်လျှောက်လာမှာ
ဒီနှစ်မကုန်ခင်အထိစောင့်ကြည့်ပါ
ဒီနှစ်မကုန်ခင် မင်းကိုချဉ်းကပ်လာတဲ့သူရှိရင် သေချာတယ်သူပါပဲ
သူဝန်ခံထားတာလေးရှိတယ်
မင်းကတမျိူးပဲတဲ့ လူတွေထဲမှာမှ လူတမျိူးလေးပဲတဲ့သူ့အတွက်
ဘာမှမထူးခြားပေးမဲ့ သူ့အတွက် အေးမြတယ်ဆိုတဲ့ energyရတယ်တဲ့
သူကသေချာတာ မင်းအနားကိုရှေ့ဆက်တိူးပြီးရောက်လာရင် နာကျင်အောင်မလူပ်မဲ့သူမျိူးပါ
ဒီတော့မင်းကစောင့်ကြည့်ကြည့်ပါနော်

Comments