🍒နှစ်မကုန်ခင်မှာ ကြုံတွေ့ရမဲ့ အပြောင်းအလဲ





Pile 1

Pile 1လေးတွေရေ နှစ်မကုန်ခင်မှာ အပြောင်းအလဲတွေက Roller Coaster စီးသလိုပဲ အနိမ့်အမြင့်အတက်အကျလေးတွေရှိနေတယ်
ဒါမဲ့ ရင်ခုန်မှုပေးပြီး ပျော်ရွှင်မှုပေးစွမ်းနိုင်တယ်လေ
အဲ့လိုပဲ ကြုံတွေ့ရမဲ့ Changesတွေက သေချာပေါက် ကိုယ့်အတွက် ပျော်ရွှင်မှုတွေနဲ့ သင်ခန်းစာတွေပေးနိုင်မဲ့ အနေအထားမျိူးပါပဲ
ပထမဆုံးအနေနဲ့ သိသိသာသာ ပြောင်းလဲတာ ငွေကြေး ငွေကြေးတအားကံကောင်းနေတတ်တာနော်
ပြောရရင် ကောင်းကင်က ငွေကျလာသလိုပဲ ငွေရပေါက် ရလမ်းက ပေါ်ကို ပေါ်နေတတ်တယ်
ထိုင်နေရင်းနဲ့ကို မုန့်ဖိုးရတာ ငွေရမဲ့လမ်းကြောင်းနဲ့ကြုံတာမျိူးပေါ့ရတဲ့ငွေကလဲ ပေါက်ကရနေရာကမျိူးမဟုတ်ဘဲ တကယ့် သမာအာဇီဝကျကျငွေမျိူးပါ
ဒီတော့ငွေကြေးမှာ အခွင့်အလမ်းတွေပေါ်နေတတ်တာပေါ့
ဆက်စပ်တွေးမယ်ဆို ငွေရတယ်ဆိုမှ အလူပ်ရှိလို့ ဆိုတော့ ဒီနှစ်မကုန်ခင် အလုပ်လက်မဲ့ ဖြစ်နေတာမျိူး အလုပ်ရှာနေတဲ့ သူလေးတွေအတွက်လဲ အဆင်ပြေတဲ့ အလုပ်မျိူးရတတ်တယ်
ချေးတော့မများနဲ့ ရတဲ့အလူပ်လေးကို ဝင်လုပ်
အဲ့လိုလုပ်ရင်းက ကိုယ်နဲ့အကျိူးပေးပြီး ထောင်တက်သွားတတ်လို့ပါ
ဒါမဲ့တခုကတော့ ငွေရနေပေမဲ့ ကုန်မဲ့ကျမဲ့ စရိတ်လေးက ပြနိပေါ်နေတာမျိူးပေါ့
ခရီးသွားမယ် စားမယ် ဝယ်မယ် ဒီလို လိုအပ်ချက်တွေ အတွက်ရော ကိုယ့်အတွက်ကိုယ်အတွက်ရော investmentလုပ်ရတဲ့အပိုင်းလေးတွေရှိလာတော့ ငွေကုန်တာပေ့ါ
Investmentလူပ်တယ်ဆိုတာ ကိုယ့်ပညာတတ်ဖို့ သင်တန်းတက်တော့ငွေကုန်တာ
အလုပ်အတွက် လိုအပ်လို့ ပစ္စည်းဝယ်ရင်းငွေကုန်တာမျိူးပေ့ါ
ဒီတော့ ငွေဝင်တယ် တဖက်က ငွေ ပြန်ထွက်နေတတ်တယ်ပေါ့
သူခိုးတွေဘာတွေသတိထားစေချင်တယ်
ကိုယ့်အိတ်ကိုခွဲပြီး ဖုန်းခိုးတာတို့ ပိုက်ဆံအိတ်နှိုက်တာတို့နဲ့ကြုံရတတ်လို့
အဲ့လိုမှမဖြစ်ရင်ကိုယ့်သုံးနေကျ အိတ်က သူ့ဘာသာ အိတ်ပြဲတာ ပြတ်ကျတာတို့ဖြစ်တတ်တယ်
ဖြစ်နိုငိရင်အိမ်နားသူခိုးဘာညာလဲကပ်တတ်လို့ သေချာတံခါးလုံလုံပိတ်ပါ
ဝင်ခိုးတာမဟုတ်ဘဲ သူခိုးကပ်တာပေါ့ကွာ
အိမ်အတွက် မိသားစုအတွက် လိုအပ်နေတဲ့ တစိတ်ပိုင်းကို ကိုယ့်ဘက်က ဖြည့်စည်းပေးရတတ်တယ်
အိမ်ဆောက်ဖို့ဆိုလဲ ကိုယ်ကငွေထုတ်ပေးတာတို့ မိသားစုအတွက် အလှူလူပ်ပေးတာတို့ မိသားစုထဲမှာ လိုအပ်နေတဲ့အရာလေးကို ကိုယ်ကပါ စုပြီး ကိုယ်ကစပေးပြီး ဖြည့်ဆည်းပေးရတတ်တယ်
အရမ်းကောင်းပါတယ်
ကိုယ်ရဲ့ ပုံစံကြီးတခုတည်းအတိုင်း နေမြဲ မနေနေပါနဲ့
ပြောင်းလဲကြည့်ပါ
ဒီနှစ်မကုန်ခင် အဝတ်အစားဝတ်စားပုံ ပြောင်းလဲတာ ဆံပင်ပြောင်းလဲတာ တခုခု changes ဖြစ်ဖို့ပြောင်းလဲကြည့်ပါ
တကယ်လဲ အပြောင်းအလဲလေးတွေ လုပ်ကြည့်ပြီး အဆင်ပြေနေတဲ့အခါ ကိုယ့်အတွက်ပိုပြီး အခြားနေရာတွေမှာပါ မကောင်းတဲ့အကျင့်လေးတွေဖယ်ထုတ်ပြီး ပြောင်းလဲဖို့ စိတ်ပါလာစေပါတယ်
ဒီတော့ကိုယ်တိုင်ကပဲ စတင်ကြည့်နော်



Pile 2

Pile 2လေးတွေကတော့ ဒီနှစ်လေးမကုန်ခင်မှာ ကြုံတွေ့ရမဲ့ အပြောင်းအလဲတွေထဲ ကိုယ့်ကို ကောင်းတဲ့ဘက်အနေနဲ့ပဲ ဖြစ်ချင်တယ် မြင်ချင်တယ်ဆို ကိုယ့်ပုံစံတွေ အကျင့်တွေ mindsetတွေကို ပြောင်းပေးပါ
ကံကတော့ ဒီနှစ်မကုန်ခင်ထိ ချိုတလှည့်ခါးတလှည့်ပေမဲ့ ကိုယ့်ကပါ မခံယူတတ်ရင်အခါးချည်းပဲ ကြုံနေရသလို ခံစားနေရတတ်တယ်
ဒီတော့ပထမဆုံး ခုချိန် ကိုယ့်ကိုကိုယ် အချိန်မပေးနိုင်သေးရင် မပြင်နိုင်သေးရင်ရသေးတယ်
ဒါမဲ့နှစ်သစ်ထိတော့ မကောင်းတဲ့အကျင့်တွေပါမသွားစေနဲ့
ကြုံတွေ့ရမဲ့အပြောင်းအလဲတွေ အနေနဲ့တော့ပထမဆုံး အချစ်ရေး အချစ်ရေးမှာ ကိုယ့်ကို သဘောကျတာမျိူး စိတ်ဝင်စားတဲ့သူမျိူးပေါ်လာတတ်တယ်
အဲ့လိုမျိူး မဟုတ်ရင်တောင်ကွာ ကိုယ့်ကို တိတ်တခိုးကြိတ်သဘောကျနေတဲ့သူတော့သေချာပေါက်ရှိနေတယ်ကွာ
ဒီတော့စန်းပွင့်နေတဲ့ ကာလလို့ ပြောလို့ရတယ်
ကိုယ့်ကလဲ မျက်နှာပွင့်လားမပွင့်လားဆို ကိုယ့်က်ို နေရာတခုခုသွားရင်ဦးစားပေးခံရတာ စျေးသည်တွေက အပိုပေးတာ
ကိုယ့်ကို ချစ်စရာကောင်းတယ်ဆိုတာ ကိုယ်နဲ့မသိတဲ့သူတွေက ပြောသွားတာမျိူး ကိုယ်ကပြန်ကြားရတာမျိူးအဲ့လိုမျိူးလေးတွေ ကြုံတွေ့ရတတ်တယ်
အဲ့တာကိုအသုံးချမယ်ဆို အလုပ်ထဲမှာ တခုခုဆို ကိုယ်ကဦးဆောင်ပြီးပြောမယ်ဆိုမယ်ဆို အဆင်ပြေမယ်
ဘာလို့ဆို ကိုယ့်က စန်းအားကောင်းနေလို့
တခုပဲ ယုံကြည်မှုလေးလဲ ရှိပေးရင် Doubleပဲ
ငွေကြေးကတော့ ကုန်းရုန်းပြီးရှာလေ လိုချင်တာမရလေဖြစ်နေတတ်တော့ အလျင်မလိုနဲ့ ပုံမှန် ငါလဲ လုပ်နေတာပဲ ပုံမှန်လေးပဲဆို ရပြီဆိုတဲ့စိတ်နဲ့ပဲသွားပေးနော်
လာပြီလေ ဗီလိန်တွေ ကိုယ့်ကို အနှောင့်အယှက်ကပေးချင်သေး ကိုယ့်ထက်သာလားဆိုလဲ မသာတဲ့သူတွေက ကိုယ့်ကို ဆွဲချချင်တယ် အပြစ်ရှာချင်တတ်တယ်
အဲ့လူတွေရဲ့ ဆွဲချလဲ ကိုယ်က ပါမသွားဘဲ အပေါ်ကဖြစ်နေတာမို့ တုတ်နဲ့သာထိုးချ အားမနာနဲ့
အားနာပြီး ဆွဲတင်ရင်ကိုယ့်ကိုပါ ဆွဲချတတ်တယ်
ကိုယ့်အပေါ်မကောင်းမှန်းသိရင်ကောင်းမပေးပါနဲ့
လမ်းမှာ အရူးတွေ ဘာတွေတွေ့ရင် စားစရာလေးတွေ ကျွေးတာမျိူး ကုသိုလ်ရစေမဲ့ဟာလေးတွေ လုပ်ပေးပါ
မိန်းကလေးတွေ နှုတ်ခမ်းနီလက်ဆောင်တို့ အလှပြင်ပစ္စည်း လက်ဆောင်လေးတွေရတတ်တယ်
ယောကျ်ားလေးတွေကကျ ဖိနပ်လက်ဆောင် coat င်္အကျီလက်ဆောင်လေးတွေရတတ်ပါတယ်
အအေးကြိုက်တဲ့သူများသတိထားပါ
မအေးဘူးဆိုပြီး မဆင်မခြင်မနေပါနဲ့နော်ဖျားနာတတ်ပါတယ်
နှစ်မကုန်ခင်လေး အစစအရာရာ ဂရုစိုက်ပေးပါနော်



Pile 3

Pile 3လေးတွေကတော့ ဒီနှစ်လေး မကုန်ခင်မှာ လှလှပပလေး 2024လေးကို ကုန်ဆုံးရမှာပါ
အလှပဆုံး အဆုံးသတ်ပေါ့
ပင်ပန်းခဲ့တယ် နာကျင်ခဲ့တယ် ပျော်ရွှင်ခဲ့တယ် အဆင်ပြေခဲ့တယ်
အားလုံးရောထွေးစုပေါင်းနေပေမဲ့ အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့ပါတယ်နော်
ခုကျန်ရှိနေတဲ့ကာလတွေအတွင်းမှာလဲ အကောင်းဆုံး ဖြတ်ကျော်နိုင်မှာပါ
အဲ့ထဲကမှာ သတိထားရမဲ့ ကြုံတွေ့ရမဲ့အပြောင်းအလဲလေးတွေကို ပြောပြပေးမယ်နော်
ပထမဆုံး ကိုယ့်အတွက် လိုအပ်နေတဲ့အရာရှိလား ခုခေါင်းထဲပေါ်တာတွေးကြည့် အဲ့အရာကို ဖြည့်ဆည်းပေးဖို့ ကူညီပေးဖို့ အကူအညီရတတ်တယ်
အကူအညီပေးမဲ့သူတယောက်ပေါ်တတ်တယ်
အလုံးစုံအဆင်ပြေအောင် လုပ်ပေးတာမျိူးမဟုတ်ဘူးနော်
တတောင့်တနေရာကနေ ပါဝင်ပေးတဲ့သဘောမျိုးပေါ့
အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် အကူအညီပေးမဲ့သူလေးတွေရှိလာတတ်တယိ
ကိုယ့်အတွက်တကယ်မစစ်မှန်ပါဘူးဆိုတဲ့သူတွေကလေ မယုံရင်ကြည့် နောက်နှစ်ထိ ပါမလာဘူး
သူတို့ပြတ်ကျန်နေရစ်ခဲ့တတ်တယ်
ကိုယ်တိုင်က ဘယ်အရာကို ရွေးချယ်ရမလဲ ဘယ်လမ်းကြောင်းက ငါ့အတွက်အဆင်ပြေမလဲဆိုတာတွေကို ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ချရတော့မှာ ပိုပြီးရင့်ကျက်လာမဲ့အရာတွေကို ဒီနှစ်ကုန်ခါနီးလေးတွေမှာကြုံရမှာ
ဘယ်လောက်မှမကျန်တော့တဲ့ ရက်အတွင်းခဏလောက်Depressionဝင်စရာလေးတွေနဲ့ ကြုံတွေ့သွားတတ်သေးတယ်
ဒါမဲ့ အကြာကြီးတော့မဟုတ်ဘူး
၂ရက်လောက်ကို ကိုယ့်က်ုကိုယ် ဘာဖြစိနေမှန်းမသိ ဝမ်းနည်းတာမျိူးဖြစ်တတ်တာပေါ့
အကြီးမားဆုံး အပြောင်းအလဲက ရင့်ကျက်လာမယ်
နောက်တခုက နေရာပေးခြင်းခံရမယ်
အလုပ်ထဲမှာကျောင်းမှာကိုယ့်က နေရာတဆင့်မြင့်သွားသလိုမျိူး
အလုပ်မှာဆိုပြောရရင်ရာထူးတိုးတာပါ
ကျောင်းမှာဆို အရင်ကအဆင့်ထက် တက်လာတာ အမှတ်ကောင်းလာတာမျိူးပေါ့
အရမ်းတော့အားမပေးချင်ပေမဲ့ ဒီလထဲကံစမ်းမဲနှိုက်တာတို့ ထီထိူးတာတို့ကံကောင်းနေတယ် အပျော်အနေနဲ့ စမ်းကြည့်ပေါ့
မကျန်တော့တဲ့ ရက်လေးတွေအတွင်းမှာနှင်းဆီပန်းနီလက်ဆောင်ရရင် ကံကောင်းတတ်တယ်
အဲ့တာဆို ဘုရားမှာလဲ နှင်းဆီပန်းလေးတွေလှူပေးနော်
ကဲ အကောင်းဆုံးအဆုံးသတ်အနေနဲ့ Pile 3လေးတွေက ဒီနှစ်ကြီးကို အလှပဆုံးအနေနဲ့ ရင့်ကျက်မှုတွေ ကိုယ့်စိတ်ကို သိမှုတွေနဲ့ပြောရရင် အမြင်မှနိတွေနဲ့ ပိုပြီး လှလှပပအဆုံးသတ်ပြီး နောက်နှစ်တွေအတွက်ကြိုပြီးသတ္တိရှိရှိပြင်ဆင်နိုင်မှာပါ


Comments